ရိုက်ကွင်းမှာ အနောက်ကနေ တကောက်ကောက်လိုက်နေတဲ့ ကလေးတွေကို မုန့်တွေဝေပေးခဲ့တဲ့ ကျော်ထက်ဇော်
Read in UNICODE
မင်းသားချော ကျော်ထက်ဇော်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ် ။ ကျော်ထက်ဇော်က “အမုန်းမှသည်၊ မိုးကောင်းကင်အိပ်မက်၊ စိတ်၏ခြေရာ၊ ကြယ်ကလေးရဲ့ကောင်းကင်”စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်ထူးချွန်တဲ့
ကျော်ထက်ဇော်က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင်လည်း ကျော်ထက်ဇော်က “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲလေးနဲ့ အရမ်းကိုအောင်မြင်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ ကျော်ထက်ဇော်က “မိုးသောက်ဦးနဲ့ရောင်နီဦး” ဆိုတဲ့နှစ်ကိုယ်ခွဲဇာတ်ရုပ်နဲ့ ပါဝင်ထားတာ ဖြစ်ပါတယ် ။ အခုတော့
ကျော်ထက်ဇော်က ရိုက်ကူးရေးသွားရောက်ခဲ့စဉ်က ကလေးတွေနဲ့ပျော်ခဲ့ရတဲ့ အမှတ်တရတွေကို မျှဝေထားပါတယ်။ကျော်ထက်ဇော်က “ဆရာလေး သင်ပေးတဲ့ လက်ဆေးနည်းလေး မမေ့ဘူးဆိုတဲ့ ကလေးတို့ရေ အရမ်းလွမ်းတယ်ကွာ ပညာတတ် ဘွဲ့ရကြီးတွေဖြစ်ကြပါစေ ပင်းတယမြို့နယ်၊နွားကွေ့ရွာ ကျွန်တော့်ပြောစကားလည်းနားထောင်တယ်၊
ရိုက်ပြီးသွားလည်းအနောက်ကတကောက်ကောက်လိုက်လာကြတဲ့ ချစ်စရာ ကလေးတို့ရေလွမ်းတယ်ကွာ”ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ကျော်ထက်ဇော်ကတော့ ကလေးတွေကိုမုန့်တွေပေးရင်း ပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source: Kyaw Htet Zaw’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *