Covid-19 ကာလဝင္ေငြမရွိလို႔ မိသားစုစားဝတ္ေနေရးအတြက္ အြန္လိုင္းကေန ေစ်းေရာင္းေနရတယ္ဆ္ိုတဲ့ ႏွိုင္းယွဥ္ျမင့္မိုရ္

ႏႈိင္းယွဥ္ျမင့္မိုရ္ ကေတာ့ အႏုပညာအလုပ္ေတြ နားေနရတဲ့ အခ်ိန္မွာ ေဈးေရာင္းတယ္လို႔ ဆိုပါတယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္လည္း အရမ္းဝမ္းသာရတယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ ” အခု COVID-19 ျဖစ္ေတာ့မွ အိမ္မွာေနရင္း ဘာလုပ္ရမွန္း မသိ ေဈးထေရာင္းလိုက္မွ နည္းနည္း အဆင္ေျပသြားတာ။ အခုဆိုရင္ Live လႊင့္ရင္ ဘယ္သူေတြမ်ား ႐ိုင္း႐ိုင္းေျပာၾကမလဲဆိုၿပီး ေသခ်ာၾကည့္တယ္။ ဒါေပမယ့္ မေျပာၾကပါဘူး။ ကိုယ္ေဈးေရာင္းတာကို တကယ္ အားေပးၾကတဲ့သူေတြ ရွိတယ္။ ဒီဟာကက်ေတာ့ အႏုပညာအလုပ္နဲ႔ မတူေတာ့ဘူးေလ။ အႏုပညာအလုပ္လုပ္ရင္သာ

ေအာ္ရင္ ေအာ္မယ္။ ေဈးေရာင္းတဲ့အခါမွာေတာ့ ဝယ္သူကို ေသေသခ်ာခ်ာေလးရွင္းျပေပးတယ္။ ပရိသတ္နဲ႔ တိုက္႐ိုက္ေျပာရတာ ျဖစ္တဲ့အတြက္ ႐ိုင္းလို႔ မရဘူးေလ ” လို႔ သူကဆိုပါတယ္။ COVID-19 ကူးစက္ေရာဂါေၾကာင့္ အႏုပညာရွင္ေတြလည္း ဇာတ္ကား႐ိုက္ေတြ နားထားရတာ ျဖစ္ပါတယ္။ ဇာတ္ပို႔ ဇာတ္ရံသ႐ုပ္ေဆာင္ေတြ အေနနဲ႔ စုေဆာင္းထားတဲ့ ေငြေၾကး အမ်ားအျပား မရွိတာေၾကာင့္လည္း ေဈးေရာင္းရတာ ျဖစ္တယ္လို႔ ႏႈိင္းယွဥ္ျမင့္မိုရ္က ဆိုပါတယ္။ ” အလုပ္ေတြ ရပ္သြားတဲ့အတြက္ အစ္မတို႔မွာ ဘာဝင္ေငြမွ မရွိဘူး။ အခု ေဈးေရာင္းလို႔ရတဲ့ ေငြနဲ႔ သူမ်ားေတြ

စားသလို ကိုယ္ေတြလည္း စားႏိုင္တယ္။ သူမ်ားေတြ ေနသလို ကိုယ္လည္းေနႏိုင္တယ္။ စိတ္ခ်လက္ခ်ေလးေပါ့ေနာ္။ ပိုက္ဆံေလးဆိုလည္း ကိုယ့္ပိုက္ဆံ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ျမင္ေနရတာ စိတ္ခ်မ္းသာတယ္။ သားေလးက အေမ ဒါစားခ်င္တယ္ ဆိုလည္း ကိုယ္က ဝယ္ေပးႏိုင္တယ္ဆိုတဲ့ ခံစားခ်က္ေၾကာင့္ အရမ္းစိတ္ေအးရပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ လူငယ္အႀကိဳက္ ဒီဇိုင္းခပ္မိုက္မိုက္ အဝတ္အစားေတြ၊ ဝမ္းဆက္ေတြ အျပင္ အိမ္ေထာင္ပရိေဘာဂ

ပစၥည္းေတြကို Online ကေန ေရာင္းေနတာ ျဖစ္ပါတယ္။ သူမကို ခ်စ္ခင္လို႔ ဝယ္ယူအားေပးၾကတဲ့ ပရိသတ္ေတြလည္း အမ်ားႀကီးပါ။ ႏႈိင္းယွဥ္ျမင့္မိုရ္ကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ အၿမဲပါဝင္ေနၾကျဖစ္တဲ့အတြက္ ပရိသတ္အားေပးမႈကလည္း ပိုတိုးလာခဲ့ပါတယ္။ သူမ အခုဆိုရင္ေတာ့ ခင္ပြန္းျဖစ္သူ ဇာတ္ပို႔သ႐ုပ္ေဆာင္ ကိုဘင္း နဲ႔အတူ သားေလး တစ္ေယာက္ပိုင္ဆိုင္ထား တာ ေတြ႕ရပါတယ္။

Read in UNICODE

နှိုင်းယှဉ်မြင့်မိုရ် ကတော့ အနုပညာအလုပ်တွေ နားနေရတဲ့ အချိန်မှာ ဈေးရောင်းတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း အရမ်းဝမ်းသာရတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ” အခု COVID-19 ဖြစ်တော့မှ အိမ်မှာနေရင်း ဘာလုပ်ရမှန်း မသိ ဈေးထရောင်းလိုက်မှ နည်းနည်း အဆင်ပြေသွားတာ။ အခုဆိုရင် Live လွှင့်ရင် ဘယ်သူတွေများ ရိုင်းရိုင်းပြောကြမလဲဆိုပြီး သေချာကြည့်တယ်။ ဒါပေမယ့် မပြောကြပါဘူး။ ကိုယ်ဈေးရောင်းတာကို တကယ် အားပေးကြတဲ့သူတွေ ရှိတယ်။ ဒီဟာကကျတော့ အနုပညာအလုပ်နဲ့ မတူတော့ဘူးလေ။ အနုပညာအလုပ်လုပ်ရင်သာ

အော်ရင် အော်မယ်။ ဈေးရောင်းတဲ့အခါမှာတော့ ဝယ်သူကို သေသေချာချာလေးရှင်းပြပေးတယ်။ ပရိသတ်နဲ့ တိုက်ရိုက်ပြောရတာ ဖြစ်တဲ့အတွက် ရိုင်းလို့ မရဘူးလေ ” လို့ သူကဆိုပါတယ်။ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်တွေလည်း ဇာတ်ကားရိုက်တွေ နားထားရတာ ဖြစ်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်တွေ အနေနဲ့ စုဆောင်းထားတဲ့ ငွေကြေး အများအပြား မရှိတာကြောင့်လည်း ဈေးရောင်းရတာ ဖြစ်တယ်လို့ နှိုင်းယှဉ်မြင့်မိုရ်က ဆိုပါတယ်။ ” အလုပ်တွေ ရပ်သွားတဲ့အတွက် အစ်မတို့မှာ ဘာဝင်ငွေမှ မရှိဘူး။ အခု ဈေးရောင်းလို့ရတဲ့ ငွေနဲ့ သူများတွေ

စားသလို ကိုယ်တွေလည်း စားနိုင်တယ်။ သူများတွေ နေသလို ကိုယ်လည်းနေနိုင်တယ်။ စိတ်ချလက်ချလေးပေါ့နော်။ ပိုက်ဆံလေးဆိုလည်း ကိုယ့်ပိုက်ဆံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြင်နေရတာ စိတ်ချမ်းသာတယ်။ သားလေးက အမေ ဒါစားချင်တယ် ဆိုလည်း ကိုယ်က ဝယ်ပေးနိုင်တယ်ဆိုတဲ့ ခံစားချက်ကြောင့် အရမ်းစိတ်အေးရပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ လူငယ်အကြိုက် ဒီဇိုင်းခပ်မိုက်မိုက် အဝတ်အစားတွေ၊ ဝမ်းဆက်တွေ အပြင် အိမ်ထောင်ပရိဘောဂ

ပစ္စည်းတွေကို Online ကနေ ရောင်းနေတာ ဖြစ်ပါတယ်။ သူမကို ချစ်ခင်လို့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ အမြဲပါဝင်နေကြဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကလည်း ပိုတိုးလာခဲ့ပါတယ်။ သူမ အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်း နဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ထား တာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *