အကယ်ဒမီရွှေကြိုမယ်အဖြစ်နဲ့စပြီး အနုပညာလောကထဲ လျောက်လှမ်းခဲ့တာဆိုတဲ့ သံသာမိုးသိမ့်






Read in UNICODE

တက်သစ်စ မင်းသမီးချောလေး သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်။ သူမက MRTV -4မှာ ထုတ်လွှင့်ပြသတဲ့ ” ကျွန်မက မဟေသီ ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး နောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေ

ဆက်တိုက်လုပ်ဆောင်နေတဲ့ သူပါနော်….။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကတော့ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲလေးထဲမှာ မေပျိုဖြူဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့

photo shooting တွေကိုလည်း ကြိုးစားရိုက်ကူးနေတဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။ သံသာမိုးသိမ့်က ဇာတ်လမ်းတွဲတွေမရိုက်မှီ အနုပညာလောကထဲကို အကယ်ဒမီရွှေကြိုမယ်အဖြစ်

စတင်လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်…..။ စတင်လျှောက်လှမ်းခဲ့စဉ်အခါက ပရိသတ်တွေက သိပ့်မသိကြပေမယ့် ယခုမှာတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်နေပါပြီနော် ။ သံသာမိုးသိမ့်က သူမရဲ့ လူမှုကွန်ယက်

စာမျက်နှာထက်မှာ ” ပထမဆုံးရွှေကြိုနှစ်ပေါ့ တကယ့်အမှတ်တရများစွာနဲ့ပါ ” ဆိုတဲ့ စာသားလေးနဲ့ အတူ ပိုင်တံခွန်နဲ့အတူ ရွှေကြိုလုပ်ခဲ့တဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် …..။

Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *