မိခင်ကြီးနဲ့ ရွှေဆွဲကြိုးကြေးလောင်းကြေးထပ်ပြီး မာလာရှမ်းကော ပြိုင်စားခဲ့တဲ့ ဖြူဖြူထွေး
Read in UNICODE
ဖြူဖြူထွေးကတော့ သူမရဲ့ တက်ကြွတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာသူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့အပြင် နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ
နိုင်ငံကျော်သရုပ်ဆောင်တွေနဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုရရှိလာတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်ပြီး သွက်လက်လွန်းတဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ ထူးထူးဆန်းဆန်း Challenge
တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဖြူဖြူထွေးက နန်းခင်ဇေယျာချက်တဲ့ မာလာရှမ်းကောကို မေမေနဲ့အတူတူ ရွှေဆွဲကြိုးပေးကြေး လောင်းကြေးထပ်ပြီး Challenge လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးတို့
သားအမိနှစ်ယောက်ကတော့ နန်းခင်ဇေယျာရဲ့လက်ရာ မာလာရှမ်းကောကို အားရပါးရအားပေးရင်း မုန့်စားပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source : Phyu Phyu Htwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *