ခင္လွိုင္နဲ႔ ဒိန္းေဒါင္က ဟာသပိုင္းမွာ ေလးစားအားက်ရတဲ့ အႏုပညာရွင္ေတြပါ ဆိုတဲ့ ေဇရဲထက္

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ မင္းသား ေဇရဲထက္ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ေဇရဲထက္ကေတာ့ သူခ်စ္တဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနရတာကို နွစ္သက္ၿပီး စီနီယာက်တဲ့ ဝါရင့္ အနုပညာရွင္ေတြဆီက ပညာေတြကို အစြမ္းကုန္ႀကိဳးစား သင္ယူတတ္သူတစ္ဦးပဲျဖစ္ပါတယ္.။ သူကိုယ္တိုင္လည္း

အနုပညာေလာကထဲဝင္ဖို႕ ခက္ခဲခဲ့သလို ဝါသနာပါတဲ့ မ်ိဳးဆက္သစ္ေတြကိုလည္း တြဲေခၚကာ ရိုက္ကူးေပးတတ္တဲ့သူပါ.။ ဒီေန႕ ေမလ (၁၇)ရက္ေန႕မွာ ေဇရဲထက္ သူ႕ရဲ႕ အနုပညာအလုပ္ေတြအေပၚ နွစ္သက္မႈနဲ႕ ဇာတ္ပို႕ဇာတ္ရံေတြျဖစ္တဲ့ ဦးခင္လိႈင္၊ ဦးဒိန္းေဒါင္တို႕ကို ေလးစားတဲ့ အေၾကာင္းေလးကို “အငို အေဆြး ဖိုတ္တင္ အလြမ္း ထိန္႔လန္႔သည္းဖို စတဲ့ အႏုပညာေတြထက္ ခက္ခဲတဲ့အလုပ္ဟာ ဟာသ ပါ.။ ၾကည့္ေနတဲ့သူေတြ ကိုယ္လုပ္တဲ့အမူအယာ

ဟာသဟာ မရီရဘဲ ရႊံစရာေကာင္းတာတို႔ သက္သက္ အိုဗာႀကီးျဖစ္ေနရင္ သ႐ုပ္ေဆာင္တစ္ေယာက္ မျဖစ္ေသးဘူးတဲ့.။ အငို အလြမ္း အေဆြးေတြက သ႐ုပ္မေဆာင္တတ္ေတာင္ ဇာတ္လမ္းေကာင္းရင္ေမ်ာၿပီးၾကည့္ခ်င္ၾကတယ္.။ အိုတ္တင္ေကာင္းရင္ပို ေကာင္းတာေပါ့ .။ကၽြန္ေတာ္ အရမ္းေလးစားတယ္ .။ ဦးခင္လိႈင္ ၊ ဦးဒိန္းေဒါင္၊ တီဂြမ္း အန္တီဂြမ္းပုံႀကီး

အကုန္ ဇာတ္ပို႔ ဇာတ္ရံေတြ ဟာသလုပ္တာေတြကို ေလးစားလို႔ အားလုံးကိုေလ့လာတယ္.။ ေလ့လာပါ .။ သင္ယူပါ စီနီယာ မွန္သမွ် မွန္ထိုးမီးထိုးတာက အစ ကၽြန္ေတာ္ေလ့လာတယ္ (ေဝမွ်ျခင္းပါ)” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ ေဇရဲထက္ကေတာ့ ဟာသပိုင္းမွာ ေတာ္တဲ့ ဦးခင္လိႈင္နဲ႕ ဦးဒိန္းေဒါင္တို႕ဟာ သူ႕ရဲ႕ ေလးစားအားက်ရတဲ့ သူေတြျဖစ္ေၾကာင္းကို ေရးတင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္

Read in UNICODE

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသား ဇေရဲထက်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဇေရဲထက်ကတော့ သူချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာကို နှစ်သက်ပြီး စီနီယာကျတဲ့ ဝါရင့် အနုပညာရှင်တွေဆီက ပညာတွေကို အစွမ်းကုန်ကြိုးစား သင်ယူတတ်သူတစ်ဦးပဲဖြစ်ပါတယ်.။ သူကိုယ်တိုင်လည်း

အနုပညာလောကထဲဝင်ဖို့ ခက်ခဲခဲ့သလို ဝါသနာပါတဲ့ မျိုးဆက်သစ်တွေကိုလည်း တွဲခေါ်ကာ ရိုက်ကူးပေးတတ်တဲ့သူပါ.။ ဒီနေ့ မေလ (၁၇)ရက်နေ့မှာ ဇေရဲထက် သူ့ရဲ့ အနုပညာအလုပ်တွေအပေါ် နှစ်သက်မှုနဲ့ ဇာတ်ပို့ဇာတ်ရံတွေဖြစ်တဲ့ ဦးခင်လှိုင်၊ ဦးဒိန်းဒေါင်တို့ကို လေးစားတဲ့ အကြောင်းလေးကို “အငို အဆွေး ဖိုတ်တင် အလွမ်း ထိန့်လန့်သည်းဖို စတဲ့ အနုပညာတွေထက် ခက်ခဲတဲ့အလုပ်ဟာ ဟာသ ပါ.။ ကြည့်နေတဲ့သူတွေ ကိုယ်လုပ်တဲ့အမူအယာ

ဟာသဟာ မရီရဘဲ ရွှံစရာကောင်းတာတို့ သက်သက် အိုဗာကြီးဖြစ်နေရင် သရုပ်ဆောင်တစ်ယောက် မဖြစ်သေးဘူးတဲ့.။ အငို အလွမ်း အဆွေးတွေက သရုပ်မဆောင်တတ်တောင် ဇာတ်လမ်းကောင်းရင်မျောပြီးကြည့်ချင်ကြတယ်.။ အိုတ်တင်ကောင်းရင်ပို ကောင်းတာပေါ့ .။ကျွန်တော် အရမ်းလေးစားတယ် .။ ဦးခင်လှိုင် ၊ ဦးဒိန်းဒေါင်၊ တီဂွမ်း အန်တီဂွမ်းပုံကြီး

အကုန် ဇာတ်ပို့ ဇာတ်ရံတွေ ဟာသလုပ်တာတွေကို လေးစားလို့ အားလုံးကိုလေ့လာတယ်.။ လေ့လာပါ .။ သင်ယူပါ စီနီယာ မှန်သမျှ မှန်ထိုးမီးထိုးတာက အစ ကျွန်တော်လေ့လာတယ် (ဝေမျှခြင်းပါ)” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဇေရဲထက်ကတော့ ဟာသပိုင်းမှာ တော်တဲ့ ဦးခင်လှိုင်နဲ့ ဦးဒိန်းဒေါင်တို့ဟာ သူ့ရဲ့ လေးစားအားကျရတဲ့ သူတွေဖြစ်ကြောင်းကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော်

Source : Zay Ye Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *