က်န္းမာေရးအေျခအေန မေကာင္းေပမယ့္ အလွဴအတန္းေတြ လုပ္ခ်င္ေသးတယ္ဆိုတဲ့ ထက္ထက္မိုးဦး

ထက္ထက္မိုးဦးကေတာ့ သူမရဲ႕ က်န္းမာေရးေၾကာင့္ ေဆးေတြ ေသာက္ေနရတယ္လို႔ ဆိုပါတယ္။ ရာသီဥတုပူတဲ့ ဒဏ္ေတြေၾကာင့္ က်န္းမာေရးက ပိုထိခိုက္တယ္လို႔လည္း သူက ေျပာပါတယ္။ “ရာသီဥတုကပူ လူကေနလို႔မေကာင္း ၊ ေဆး တစ္ခါေသာက္ တစ္ခါအန္ခ်င္ တစ္ခါတေလက် ျမန္ျမန္သာေသလိုက္ခ်င္ပါတယ္။ မေသခင္ေလးေတာ့ ကိုယ္လႉခဲ့တဲ့ဘုန္းႀကီးေက်ာင္း၊ရန္ကုန္မွ

ာရယ္ထန္းမႏိုင္႐ြာကအစိုးရအထက္တန္းေက်ာင္းမွာထပ္ၿပီးသြားလႉသြားၾကည့္ခ်င္ပါေသးတယ္” လို႔ ေမလ (၁၆) ရက္ေန႔ ညေန ၃ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။ ထက္ထက္မိုးဦးဟာ က်န္းမာေရးမေကာင္းတဲ့ၾကားက အႏုပညာအလုပ္ေတြကို တျဖည္းျဖည္း လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ သူမဟာ မိသားစုေတြနဲ႔ အတူ

မိုးကုတ္မွာ ေနထိုင္တာ ျဖစ္ပါတယ္။ သူမရဲ႕ က်န္းမာေရးကိုလည္း ျပည္ပမွာ ခြဲစိတ္မႈေတြ ျပဳလုပ္တာထက္ ျပည္တြင္းမွာပဲ ေဆးကုသမႈခံယူေနတယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ ခြဲစိတ္မႈေတြ ခဏခဏ လုပ္ခဲ့ရတာေတြေၾကာင့္လည္း ထပ္ၿပီးေတာ့ ခြဲစိတ္မႈေတြ မလုပ္ခ်င္ေတာ့ဘူးလို႔လည္း သူက ဆိုပါတယ္။ ထက္ထက္မိုးဦး ဟာ ေ႐ႊစင္ ရတနာေ႐ႊဆိုင္

ေၾကာ္ျငာကေနတဆင့္ ကေလးေရာ၊ လူႀကီးပါ မက်န္ တခဲနက္ အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ တစ္ေခတ္တခါ က ေၾကာ္ျငာဘုရင္မေလး လို႔ေတာင္ တင္စားေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။ ထက္ထက္မိုးဦးရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြက ပရိသတ္ကို အခ်စ္မေလွ်ာ့ေအာင္ အၿမဲဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီေနာက္ ႐ုပ္ရွင္ဇာတ္ကား ေပါင္းမ်ားစြာ၊

တီဗီေၾကာ္ျငာေပါင္း မ်ားစြာ တို႔ကိုလည္း ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ သူမကေတာ့ ၁၉၉၁ ခုႏွစ္က အႏုပညာေလာကထဲကို ပထမဆုံးအႀကိမ္ စတင္ဝင္ေရာက္လာသူပါ။ အဲဒီေနာက္ ၁၉၉၆ ခုႏွစ္မွာေတာ့ ပန္းသခင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပထမဆုံးအႀကိမ္ ရရွိခဲ့ပါတယ္။ ေနာက္ထပ္လည္း ‘’ သမီးမိုက္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒုတိယအႀကိမ္ေျမာက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ျပန္ပါတယ္။

Read in UNICODE

ထက်ထက်မိုးဦးကတော့ သူမရဲ့ ကျန်းမာရေးကြောင့် ဆေးတွေ သောက်နေရတယ်လို့ ဆိုပါတယ်။ ရာသီဥတုပူတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးက ပိုထိခိုက်တယ်လို့လည်း သူက ပြောပါတယ်။ “ရာသီဥတုကပူ လူကနေလို့မကောင်း ၊ ဆေး တစ်ခါသောက် တစ်ခါအန်ချင် တစ်ခါတလေကျ မြန်မြန်သာသေလိုက်ချင်ပါတယ်။ မသေခင်လေးတော့ ကိုယ်လှူခဲ့တဲ့ဘုန်းကြီးကျောင်း၊ရန်ကုန်မှ

ာရယ်ထန်းမနိုင်ရွာကအစိုးရအထက်တန်းကျောင်းမှာထပ်ပြီးသွားလှူသွားကြည့်ချင်ပါသေးတယ်” လို့ မေလ (၁၆) ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ ထက်ထက်မိုးဦးဟာ ကျန်းမာရေးမကောင်းတဲ့ကြားက အနုပညာအလုပ်တွေကို တဖြည်းဖြည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမဟာ မိသားစုတွေနဲ့ အတူ

မိုးကုတ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကိုလည်း ပြည်ပမှာ ခွဲစိတ်မှုတွေ ပြုလုပ်တာထက် ပြည်တွင်းမှာပဲ ဆေးကုသမှုခံယူနေတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ခွဲစိတ်မှုတွေ ခဏခဏ လုပ်ခဲ့ရတာတွေကြောင့်လည်း ထပ်ပြီးတော့ ခွဲစိတ်မှုတွေ မလုပ်ချင်တော့ဘူးလို့လည်း သူက ဆိုပါတယ်။ ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင်

ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊

တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *