မောင်လေးမွေးနေ့မှာ ဘုန်းကြီးကျောင်းအတွက် ကိုယ်တိုင်ဆွမ်းချက်ပြီး ပို့ပေးကုသိုလ်ယူခဲ့တဲ့ ပိုးကြာဖြူခင်
Read in UNICODE
ပိုးကြာဖြူခင်က MRTV-4 မင်းသမီးလေးတစ်လက်ဖြစ်တဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်ကာရိုက်တာနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ ပိုးကြာဖြူခင်က
သူမရဲ့ ဘဝကို လူငယ်တစ်ယောက်နဲ့မတူပဲ ရင့်ကျက်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဲ့လို တည်ငြိမ်လွန်းတဲ့ ပိုးကြာဖြူခင်ကို အသည်းစွဲ ချစ်နေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုးကြာဖြူခင်က သူမရဲ့ မောင်အလတ်လေးအတွက်
ဆွမ်းချိုင့်ပို့ ကုသိုလ်ယူခဲ့ကြောင်း ပရိသတ်တွေကို မျှဝေထားပါတယ်။ ပိုးကြာဖြူခင်က “သားသားမွေးနေ့ မိသားစုအလှူ။ သီရိမင်္ဂလာ ကျောင်းတိုက် ကို နေ့ဆွမ်းကိုယ်တိုင်ချက် ပြီး ဆွမ်းချိုင့်ပို့ ကုသိုလ်ယူခဲ့ပါတယ်။ ကျန်းမာ ချမ်းသာ ကြပါစေရှင်။” ဆိုပြီး
ပရိသတ်တွေ သာဓုခေါ်ရအောင် ပြောထားပါတယ်။ ပိုးကြာဖြူခင်ကတော့ ချစ်ရတဲ့ မောင်လေးအတွက် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းချက် ကုသိုလ်ပြုခဲ့ပေးတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Poe Kyar Phyu Khin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *