မဝတ္ျဖစ္ေတာ့တဲ့ အက်ႌအဝတ္အစားေတြ အကုန္လံုးကို လွဴဒါန္းသြားမယ္ဆိုတဲ့ ေနျခည္ဦး

ေနျခည္ဦးကေတာ့ သူမရဲ႕ အဝတ္အစားေတြကို လိုအပ္တဲ့ေနရာေတြမွာ မိခင္ကေနတဆင့္ လႉလိုက္မယ္လို႔ ဆိုပါတယ္။ ညီမငယ္ေလး လိုခ်င္တဲ့ အက်ႌေလးေတြကိုေတာ့ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ေပးထားတယ္လို႔ သူကေျပာပါတယ္။ “ ေနျခည္က ဒီရက္ပိုင္း ေဖေဖ ေမေမ တို႔ေနတဲ့ အိမ္က ေနျခည့္အခန္းထဲက အဝတ္ေတြကို ရွင္းျဖစ္ပါတယ္။ ဒီအဝတ္ေတြထဲကမွာ ညီမေလးအတြက္ေရာ ေမေမ့ကိုေပးဖို႔ေပါ့။ အရင္တုန္းက ေနျခည္ ဝလာရင္ဝတ္ဖို႔၊ ပိန္သြားရင္ ဝတ္ဖို႔ဆိုၿပီး ဝယ္ထားတဲ့ အဝတ္ေတြ အထပ္လိုက္ပါပဲ။ ႐ုပ္ရွင္႐ိုက္တုန္းက အက်ႌေတြေရာ၊ ေနျခည္ လုံးဝမဝတ္ေတာ့မယ့္ အက်ႌေတြလည္း

ရွိတယ္။ တစ္ခါေလာက္ပဲ ဝတ္ၿပီး ပြဲတက္၊ Vlog ႐ိုက္တဲ့ ဟာေတြလည္းရွိတယ္။ ညီမေလးကို ေပးဖို႔ ဖယ္ထားတဲ့ဟာေတြလည္းရွိတယ္။ က်န္တာကို ေမေမ့ကို ေပးလိုက္မယ္။ သူ႔အေနနဲ႔ တကယ္လိုအပ္တဲ့သူေတြ၊ ေနျခည္တို႔က စိမ္းလဲ့တင္လည္းရွိေနေတာ့ စိမ္းလဲ့တင္မွာရွိတဲ့ ဝန္ထမ္းေတြကိုေပးခ်င္လည္းေပး၊ သူ လႉခ်င္တဲ့ လူေတြကိုလည္း လႉမယ္လို႔ ထင္ပါတယ္။ ေနျခည္လည္း ကုသိုလ္ရတာေပါ့ေနာ္” ဆိုၿပီးေတာ့ ေမလ ၁၆ ရက္ေန႔ ည ၇ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ တင္ခဲ့တဲ့

Vlog ေလးထဲမွာ ေျပာထားတာ ျဖစ္ပါတယ္။ေနျခည္ဦးဟာ ကိုယ္ပိုင္စီးပြားေရး အလုပ္ကိုလည္း ဦးေဆာင္ေနရသူျဖစ္တာေၾကာင့္ အလုပ္နဲ႔ပိုနီးေအာင္ မိဘေတြနဲ႔ အိမ္ခြဲေနတယ္လို႔ ဆိုပါတယ္။ သူမရဲ႕ အခန္းေဟာင္းေလးကိုလည္း အရမ္းသတိရတယ္လို႔ ဆိုပါတယ္။ “ ေနျခည့္အခန္းေလးဆီကို ေနျခည္ျပန္လာမွာပါ။ တစ္ဖက္အိမ္ကလည္း ႐ုံးနဲ႔ အိမ္နဲ႔ တြဲထားတာဆိုေတာ့ အဲဒီမွာ သြားေနတာပါ။ ဒီအခန္းေလးကို ျမင္ေတာ့ အရမ္းသတိရတာေတာ့ အမွန္ပဲ။ အခုေျပာင္းသြားတဲ့ အခန္းထက္စာရင္ေတာ့ ေနျခည့္ရဲ႕ အခန္းေဟာင္းေလးက အက်ယ္ႀကီးပါပဲ” လို႔လည္း

ဆက္လက္ ေျပာျပလာပါတယ္။ေနျခည္ဦးက သူမရဲ႕ ညီမေလးကိုလည္း အႏုပညာအလုပ္ လုပ္ေစခ်င္တဲ့ ဆႏၵရွိတယ္လို႔ ဒီ Vlog ေလးထဲမွာ ေျပာျပထားပါတယ္။ သ႐ုပ္ေဆာင္မႈေတြ၊ ေလ့က်င့္ခန္းေတြ၊ Social Media နဲ႔ ထိေတြ႕မႈေတြ အျပင္ အႏုပညာရွင္တစ္ေယာက္၊ Influencers ေတြရဲ႕ လႈပ္ရွားသြားလာမႈေတြကို ေလ့လာဖို႔အတြက္လည္း သူမက သင္ျပေပးေနတာ ေတြ႕ရပါတယ္။ ေနျခည္ဦးရဲ႕ ညီမငယ္ေလး စိမ့္ကိုလည္း အခုခ်ိန္မွာ ပရိသတ္အားေပးမႈ ရရွိလာတာ ေတြ႕ရပါတယ္။ေနျခည္ဦးဟာ

Beauty Blogger ဘဝနဲ႔ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလာတဲ့ သူတစ္ဦးပါ။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ မ်ားစြာ ပိုင္ဆိုင္ထားႏိုင္တဲ့ အသက္(၂၈)ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမက အခ်ိန္တိုေလးအတြင္းမွာ Beauty Blogger ဘဝကေန သ႐ုပ္ေဆာင္ေလာကထဲသို႔ ေရာက္ရွိလာသူ တစ္ဦးလည္း ျဖစ္ပါတယ္။ နာမည္ႀကီး မင္းသားမ်ားနဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ား၊ ဇာတ္လမ္းတြဲမ်ားကို ဆက္တိုက္ ဆိုသလို ႐ိုက္ကူးခဲ့ရပါတယ္။ သူမပါဝင္ထားတဲ့ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္ ၂၀၁၈ ခုႏွစ္အတြက္ ေပးအပ္မယ့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုရဲ႕ ဆန္ခါတင္စာရင္းမွာ ပါဝင္ေနတာလည္း ျဖစ္ပါတယ္။

Read in UNICODE

နေခြည်ဦးကတော့ သူမရဲ့ အဝတ်အစားတွေကို လိုအပ်တဲ့နေရာတွေမှာ မိခင်ကနေတဆင့် လှူလိုက်မယ်လို့ ဆိုပါတယ်။ ညီမငယ်လေး လိုချင်တဲ့ အင်္ကျီလေးတွေကိုတော့ စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားတယ်လို့ သူကပြောပါတယ်။ “ နေခြည်က ဒီရက်ပိုင်း ဖေဖေ မေမေ တို့နေတဲ့ အိမ်က နေခြည့်အခန်းထဲက အဝတ်တွေကို ရှင်းဖြစ်ပါတယ်။ ဒီအဝတ်တွေထဲကမှာ ညီမလေးအတွက်ရော မေမေ့ကိုပေးဖို့ပေါ့။ အရင်တုန်းက နေခြည် ဝလာရင်ဝတ်ဖို့၊ ပိန်သွားရင် ဝတ်ဖို့ဆိုပြီး ဝယ်ထားတဲ့ အဝတ်တွေ အထပ်လိုက်ပါပဲ။ ရုပ်ရှင်ရိုက်တုန်းက အင်္ကျီတွေရော၊ နေခြည် လုံးဝမဝတ်တော့မယ့် အင်္ကျီတွေလည်း

ရှိတယ်။ တစ်ခါလောက်ပဲ ဝတ်ပြီး ပွဲတက်၊ Vlog ရိုက်တဲ့ ဟာတွေလည်းရှိတယ်။ ညီမလေးကို ပေးဖို့ ဖယ်ထားတဲ့ဟာတွေလည်းရှိတယ်။ ကျန်တာကို မေမေ့ကို ပေးလိုက်မယ်။ သူ့အနေနဲ့ တကယ်လိုအပ်တဲ့သူတွေ၊ နေခြည်တို့က စိမ်းလဲ့တင်လည်းရှိနေတော့ စိမ်းလဲ့တင်မှာရှိတဲ့ ဝန်ထမ်းတွေကိုပေးချင်လည်းပေး၊ သူ လှူချင်တဲ့ လူတွေကိုလည်း လှူမယ်လို့ ထင်ပါတယ်။ နေခြည်လည်း ကုသိုလ်ရတာပေါ့နော်” ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ခဲ့တဲ့

Vlog လေးထဲမှာ ပြောထားတာ ဖြစ်ပါတယ်။နေခြည်ဦးဟာ ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း ဦးဆောင်နေရသူဖြစ်တာကြောင့် အလုပ်နဲ့ပိုနီးအောင် မိဘတွေနဲ့ အိမ်ခွဲနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ အခန်းဟောင်းလေးကိုလည်း အရမ်းသတိရတယ်လို့ ဆိုပါတယ်။ “ နေခြည့်အခန်းလေးဆီကို နေခြည်ပြန်လာမှာပါ။ တစ်ဖက်အိမ်ကလည်း ရုံးနဲ့ အိမ်နဲ့ တွဲထားတာဆိုတော့ အဲဒီမှာ သွားနေတာပါ။ ဒီအခန်းလေးကို မြင်တော့ အရမ်းသတိရတာတော့ အမှန်ပဲ။ အခုပြောင်းသွားတဲ့ အခန်းထက်စာရင်တော့ နေခြည့်ရဲ့ အခန်းဟောင်းလေးက အကျယ်ကြီးပါပဲ” လို့လည်း

ဆက်လက် ပြောပြလာပါတယ်။နေခြည်ဦးက သူမရဲ့ ညီမလေးကိုလည်း အနုပညာအလုပ် လုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ဒီ Vlog လေးထဲမှာ ပြောပြထားပါတယ်။ သရုပ်ဆောင်မှုတွေ၊ လေ့ကျင့်ခန်းတွေ၊ Social Media နဲ့ ထိတွေ့မှုတွေ အပြင် အနုပညာရှင်တစ်ယောက်၊ Influencers တွေရဲ့ လှုပ်ရှားသွားလာမှုတွေကို လေ့လာဖို့အတွက်လည်း သူမက သင်ပြပေးနေတာ တွေ့ရပါတယ်။ နေခြည်ဦးရဲ့ ညီမငယ်လေး စိမ့်ကိုလည်း အခုချိန်မှာ ပရိသတ်အားပေးမှု ရရှိလာတာ တွေ့ရပါတယ်။နေခြည်ဦးဟာ

Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *