အဖေနဲ့တူပြီး ချစ်စရာကောင်းတဲ့ အငယ်ဆုံးသားလေး ဆုန်ဆုန်အတွက် မွေးနေ့ဆုတောင်းခဲ့တဲ့ ပိုင်ဇေရဲထွန်း
Read in UNICODE
ပိုင်ဇေရဲထွန်းက တစ်ချိန်က ချောမောလွန်းတဲ့ ရုပ်ရည်နဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက အခုဆိုရင် အိမ်ထောင်ရှင်ဖေဖေတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူနဲ့တူတဲ့ သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်ဇေရဲထွန်းက
သူ့ရဲ့ အငယ်ဆုံးသားထွေးလေးဖြစ်တဲ့ ဆုန်ဆုန်အတွက် မွေးနေ့ဆုတောင်း တောင်းပေးထားတာကို တွေ့ရပါတယ်။ ပိုင်ဇေရဲထွန်းက ” Happy Birthday ဖေ့ဆုန်လေး ဘဝတလျောက်လုံး ယောကျ်ားကောင်း ယောကျ်ားမြတ်တစ်ယောက်
ဖြစ်ပါစေ။ သာသနာအကျိုး ဘာဝနာအကျိုး သယ်ပိုးဆောင်ရွက်နိုင်သော ယောကျာ်းကောင်း၊ လူကောင်း လူတော်လေးတယောက်ဖြစ်ပါစေဗျာ။” ဆိုပြီး အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ မွေးနေ့ဆုတောင်းလေး ပြောထားပါတယ်။ ပိုင်ဇေရဲထွန်းရဲ့
သားငယ်လေး ဆုန်ဆုန်ကတော့ ဖေဖေ့လိုပဲ ချောမောတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတာပဲနော်။ သားငယ်လေးလည်း ဖေဖေပိုင်ဇေရဲထွန်း တောင်းတဲ့ဆုတွေနဲ့ ပြည့်စုံပြီး မိဘအပေါ် သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Paing Zay Ye Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *