ကလေးဘဝတုန်းက ဆံပင်ညှပ်ဆိုင်ကို စိတ်ဆိုးပြီး ခဲနဲ့ထုဖို့ ကြံဖူးကြောင်း ပြောပြခဲ့တဲ့ သံသာမိုးသိမ့်
Read in UNICODE
အခုလက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲက မေပျိုဖြူအဖြစ် သရုပ်ဆောင်ထားတဲ့ သံသာမိုးသိမ့်က လက်ရှိမှာတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝ ခံနေရသူလေး ဖြစ်ပါတယ်။ သံသာမိုးသိမ့်က
“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာလည်း မိန်းမချောဆိုတဲ့ ဗီလိန်ကာရိုက်တာနဲ့လည်း ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ခံခဲ့ရသူလေး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မင်းသမီးချောလေး သံသာမိုးသိမ့်က သူမရဲ့ ငယ်ဘဝက ရယ်စရာအမှတ်တရလေးတစ်ခုကို
ပရိသတ်တွေဆီ ပြောပြလာပါတယ်။ သံသာမိုးသိမ့်က သူမရဲ့ ငယ်ငယ်ကအမှတ်တရပုံလေးကို ပြသရင်း “အဲ့ဆံပင်ညှပ်ပေးလိုက်တဲ့ ဆိုင်ကို စိတ်တွေဆိုးတာဆိုတာ 😑😑ဂဲနဲ့ထုမယ်ချည်းလုပ်တာ” ဆိုပြီး သူမရဲ့
အဖြစ်လေးကို ဟာသလေး ပြောပြထားပါတယ်။ သံသာမိုးသိမ့်ကတော့ ငယ်ငယ်က ရုပ်လေးနဲ့ အခုလက်ရှိရုပ်က ဘာမှကို ကွာခြားမှုမရှိဘူးနော်။ ပရိသတ်ကြီးလည်း သံသာမိုးသိမ့်ရဲ့ ငယ်ဘဝအမှတ်တရပုံလေးကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။
Source : Than Tar Moe Theint’s Facebook