မဂၤလာပြဲက်င္းပၿပီးမွ ကေလးယူေတာ့မယ္ဆိုတဲ့ ေနဝင္း နဲ႔ အိမ့္ခ်စ္ေခ်ာတို႔ စံုတြဲ
|ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာတို႔ ၾကင္စဦး ဇနီးေမာင္ႏွံ ႏွစ္ဦးရဲ႕ ေမလ(၁၇) ရက္ေန႔မွာ လႊင့္ခဲ့တဲ့ Facebook Live မွာ ေပ်ာ္ေပ်ာ္ပါးပါး စကားေတြေျပာရင္း ပရိသတ္ေတြက ရင္ေသြးေလး ရေစခ်င္ၿပီလို႔ Comment မွာ ေရးထားၾကတဲ့အေပၚ အိမ့္ခ်စ္ေခ်ာက အခုလို ျပန္ေျဖထားတာ ေတြ႕ရပါတယ္။ “ ကေလးက မယူေသးပါဘူး။ မဂၤလာေဆာင္ရင္ ဗိုက္ႀကီးနဲ႔ ျဖစ္ေနမွာ စိုးလို႔ပါ။ မဂၤလာပြဲ လုပ္ၿပီးေတာ့မွ ကေလး ယူဖို႔ ဆုံးျဖတ္ထားပါတယ္” လို႔ ဆိုပါတယ္။ ေနဝင္းကိုယ္တိုင္ကလည္း

“အႁမႊာရင္ေသြးေလးလိုခ်င္ပါတယ္” ဆိုတာကို မတ္လ ၁၆ ရက္ေန႔ ည ၈ နာရီေက်ာ္က ေနဝင္းရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ “မိန္းမရၿပီး ပထမဆုံး Live” ဆိုတဲ့ စာသားေလးနဲ႔ Live လႊင့္ရင္း ေျပာခဲ့ၾကတာ ျဖစ္ပါတယ္။ အဆိုေတာ္ ေနဝင္း ကေတာ့ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာ ပထမဆုံးအႀကိမ္ Facebook Live လႊင့္ရင္း ပရိသတ္ေတြနဲ႔ စကားေျပာတာျဖစ္ပါတယ္။ ၾကင္စဦး ဇနီးေမာင္ႏွံ ႏွစ္ေယာက္ Stay Home ကာလမွာ တစ္ေန႔တာ ျဖတ္သန္းမႈေတြ အေၾကာင္းကိုလည္း

ေနဝင္းရဲ႕ ဇနီးေခ်ာေလး အိမ့္ခ်စ္ေခ်ာက အခုလို ေျပာျပလာပါတယ္။“ ႏွစ္ေယာက္စလုံး အိမ္ရွင္းတာ ရွင္းတာ အဝတ္ပုံက က်န္ေနေသးတယ္။ ကိုယ္ေတြမွာ အမ်ားဆုံးက အဝတ္အစားပဲ။ ဦးေနဝင္းဆိုတာေလ အဆိုေတာ္ မျဖစ္ခင္က အဝတ္၊ အဆိုေတာ္ ျဖစ္မယ့္ဆဲဆဲမွာ ဘာဝတ္ထားတယ္ဆိုတဲ့ အဝတ္ အမွတ္တရေပါင္းမ်ားစြာ နဲ႔ သိမ္းထားတဲ့ အဝတ္ေတြဆိုေတာ့ ပုံးေတြ နဲ႔ အမ်ားႀကီး။ COVID-19 ၿပီးရင္ ေခ်ာတို႔ ႏွစ္ေယာက္စလုံး သြားခ်င္တဲ့ေနရာက Beach ဆိုေတာ့ Beach တစ္ခုခုကို သြားမယ္။ ဘယ္ေနရာပဲ ျဖစ္ျဖစ္ေပါ့။ COVID-19 ႀကီး

မရွိေတာ့ဘူးဆိုတာနဲ႔ Beach သြားမယ္” လို႔ဆိုပါတယ္။ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာတို႔ဟာ ဧၿပီလ(၂၅) ရက္ေန႔ ေနဝင္းရဲ႕ ေမြးေန႔မွာ မဂၤလာလက္မွတ္ ေရးထိုးခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔ဟာ ခ်စ္သူ သက္တမ္း(၁၀) ႏွစ္ေက်ာ္မွာ လက္ထပ္ခဲ့ၾကတာပါ။ ေနဝင္းဟာ ဂီတေလာကမွာ Rap သီခ်င္းေတြ ဆိုရင္း ေအာင္ျမင္ေနသူျဖစ္သလို ကိုယ္ပိုင္စီးပြားေရးအလုပ္ကိုလည္း ဦးေဆာင္ေနရသူ ျဖစ္ပါတယ္။ အိမ့္ခ်စ္ေခ်ာကလည္း Travel Kueen ဆိုၿပီးေတာ့ လူသိမ်ားလွတဲ့ ခရီးသြား Blogger ေလးတစ္ေယာက္ျဖစ္ပါတယ္။
Read in UNICODE
နေဝင်းနဲ့ အိမ့်ချစ်ချောတို့ ကြင်စဦး ဇနီးမောင်နှံ နှစ်ဦးရဲ့ မေလ(၁၇) ရက်နေ့မှာ လွှင့်ခဲ့တဲ့ Facebook Live မှာ ပျော်ပျော်ပါးပါး စကားတွေပြောရင်း ပရိသတ်တွေက ရင်သွေးလေး ရစေချင်ပြီလို့ Comment မှာ ရေးထားကြတဲ့အပေါ် အိမ့်ချစ်ချောက အခုလို ပြန်ဖြေထားတာ တွေ့ရပါတယ်။ “ ကလေးက မယူသေးပါဘူး။ မင်္ဂလာဆောင်ရင် ဗိုက်ကြီးနဲ့ ဖြစ်နေမှာ စိုးလို့ပါ။ မင်္ဂလာပွဲ လုပ်ပြီးတော့မှ ကလေး ယူဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဆိုပါတယ်။ နေဝင်းကိုယ်တိုင်ကလည်း

“အမြွှာရင်သွေးလေးလိုချင်ပါတယ်” ဆိုတာကို မတ်လ ၁၆ ရက်နေ့ ည ၈ နာရီကျော်က နေဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ “မိန်းမရပြီး ပထမဆုံး Live” ဆိုတဲ့ စာသားလေးနဲ့ Live လွှင့်ရင်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုတော် နေဝင်း ကတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် Facebook Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားပြောတာဖြစ်ပါတယ်။ ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက် Stay Home ကာလမှာ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းကိုလည်း

နေဝင်းရဲ့ ဇနီးချောလေး အိမ့်ချစ်ချောက အခုလို ပြောပြလာပါတယ်။“ နှစ်ယောက်စလုံး အိမ်ရှင်းတာ ရှင်းတာ အဝတ်ပုံက ကျန်နေသေးတယ်။ ကိုယ်တွေမှာ အများဆုံးက အဝတ်အစားပဲ။ ဦးနေဝင်းဆိုတာလေ အဆိုတော် မဖြစ်ခင်က အဝတ်၊ အဆိုတော် ဖြစ်မယ့်ဆဲဆဲမှာ ဘာဝတ်ထားတယ်ဆိုတဲ့ အဝတ် အမှတ်တရပေါင်းများစွာ နဲ့ သိမ်းထားတဲ့ အဝတ်တွေဆိုတော့ ပုံးတွေ နဲ့ အများကြီး။ COVID-19 ပြီးရင် ချောတို့ နှစ်ယောက်စလုံး သွားချင်တဲ့နေရာက Beach ဆိုတော့ Beach တစ်ခုခုကို သွားမယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့။ COVID-19 ကြီး

မရှိတော့ဘူးဆိုတာနဲ့ Beach သွားမယ်” လို့ဆိုပါတယ်။နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဟာ ဧပြီလ(၂၅) ရက်နေ့ နေဝင်းရဲ့ မွေးနေ့မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ချစ်သူ သက်တမ်း(၁၀) နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာပါ။ နေဝင်းဟာ ဂီတလောကမှာ Rap သီချင်းတွေ ဆိုရင်း အောင်မြင်နေသူဖြစ်သလို ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ဦးဆောင်နေရသူ ဖြစ်ပါတယ်။ အိမ့်ချစ်ချောကလည်း Travel Kueen ဆိုပြီးတော့ လူသိများလှတဲ့ ခရီးသွား Blogger လေးတစ်ယောက်ဖြစ်ပါတယ်။
Source : Cele YatKwat | Reference & Credit : Duwun