ေစ်းေရာင္းလို႔ရတဲ့ပိုက္ဆံနဲ႔ ဘိုးဘြားရိပ္သာကို သြားလွဴဒါန္းရင္း မ်က္ရည္ဝဲခဲ့ရတယ္ဆိုတဲ့ ခင္သဇင္

ခင္သဇင္ဟာ ကရင္ျပည္နယ္ အတြင္းမွာရွိတဲ့ ဘိုးဘြားရိပ္သာမွာ ေငြေၾကးနဲ႔ စားနပ္ရိကၡာေတြ သြားေရာက္လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ အဘိုးအဘြားေတြကို ေတြ႕တဲ့အခ်ိန္မွာ မ်က္ရည္က်မတတ္ စိတ္မေကာင္းျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ “ကရင္ျပည္နယ္မွာရွိတဲ့ အဘိုးအဘြားရိပ္သာကို

ဒီေန႔ ေငြေၾကး နဲ႔ အသီးအႏွံေတြ သြားေရာက္လႉဒါန္းခဲ့ပါတယ္။ သူတို႔လည္း မ်က္ရည္ေလးေတြဝဲ ၊ ကိုယ္လည္း မ်က္ရည္ေတြဝဲ ” ဆိုၿပီးေတာ့ ေမလ ၁၆ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။ ခင္သဇင္ရဲ႕ အလႉအတြက္ သူမကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း သာဓု (၃) ႀကိမ္ ေခၚဆိုခဲ့ၾကပါေသးတယ္။ သူမကို ခ်စ္တဲ့

ပရိသတ္ေတြကလည္း မိဘေတြအေပၚ ပိုဂ႐ုစိုက္ေစခ်င္တယ္လို႔ ဆိုပါတယ္။ “သဲစိန္ေလးေတြလည္း ထပ္တူ သာဓု ေခၚႏိုင္ေအာင္ပါရွင္။ ကိုယ့္ မိဘ၊ လူႀကီးေတြကိုလည္း ဒီထပ္ပို ဂ႐ုစိုက္ၾကရေအာင္ ေနာ္” ဆိုၿပီးေတာ့လည္း ပရိသတ္ေတြရဲ႕ Comment ေတြကို ျပန္လည္ေျဖဆိုခဲ့တာ ေတြ႕ရပါတယ္။ ခင္သဇင္ကေတာ့ အလႉအတန္းနဲ႔ ပတ္သက္လာရင္

လက္မေႏွးသူ တစ္ဦးျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္အတြင္းက နာဂေဒသမွာရွိတဲ့ နာဂတိုင္းရင္းသားေတြအတြက္ ေဆးဝါးကုသိုလ္အလႉ လုပ္ခဲ့တာျဖစ္သလို ကြယ္လြန္သြားၿပီျဖစ္တဲ့ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထာဝရ အလႉရွင္တစ္ဦးအျဖစ္ တာဝန္ယူ

ေစာင့္ေရွာက္ေပးခဲ့တာျဖစ္ပါတယ္။ အႏုပညာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ႐ုပ္ရွင္ဇာတ္ကားေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြ ႐ိုက္ကူးထားတာကိုလည္း ေတြ႕ရပါတယ္။ သူမဟာ အႏုပညာအလုပ္မွာသာ မက ပညာေရးအပိုင္းနဲ႔ပတ္သက္ၿပီး စီးပြားေရးပါရဂူ ေဒါက္တာဘြဲ႕ ယူဖို႔လည္း စာႀကိဳးစားေနတာ ေတြ႕ရပါတယ္။

Read in UNICODE

ခင်သဇင်ဟာ ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဘိုးအဘွားတွေကို တွေ့တဲ့အချိန်မှာ မျက်ရည်ကျမတတ် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ကရင်ပြည်နယ်မှာရှိတဲ့ အဘိုးအဘွားရိပ်သာကို

ဒီနေ့ ငွေကြေး နဲ့ အသီးအနှံတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ သူတို့လည်း မျက်ရည်လေးတွေဝဲ ၊ ကိုယ်လည်း မျက်ရည်တွေဝဲ ” ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ခင်သဇင်ရဲ့ အလှူအတွက် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ သူမကို ချစ်တဲ့

ပရိသတ်တွေကလည်း မိဘတွေအပေါ် ပိုဂရုစိုက်စေချင်တယ်လို့ ဆိုပါတယ်။ “သဲစိန်လေးတွေလည်း ထပ်တူ သာဓု ခေါ်နိုင်အောင်ပါရှင်။ ကိုယ့် မိဘ၊ လူကြီးတွေကိုလည်း ဒီထပ်ပို ဂရုစိုက်ကြရအောင် နော်” ဆိုပြီးတော့လည်း ပရိသတ်တွေရဲ့ Comment တွေကို ပြန်လည်ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ ခင်သဇင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်

လက်မနှေးသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက နာဂဒေသမှာရှိတဲ့ နာဂတိုင်းရင်းသားတွေအတွက် ဆေးဝါးကုသိုလ်အလှူ လုပ်ခဲ့တာဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ထာဝရ အလှူရှင်တစ်ဦးအဖြစ် တာဝန်ယူ

စောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ သူမဟာ အနုပညာအလုပ်မှာသာ မက ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး စီးပွားရေးပါရဂူ ဒေါက်တာဘွဲ့ ယူဖို့လည်း စာကြိုးစားနေတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *